စိုက်ပျိုးသည့်/အတိုင်း ရိတ်သိမ်းခြင်း
6
ညီအစ်ကို/မောင်နှမတို့… တစ်စုံတစ်ယောက်/သည် အပြစ်/ပြုမိ/လျှင် ဝိညာဉ်တော်/၏ လမ်းပြခြင်း/ခံရသော သင်တို့/က နူးညံ့သိမ်မွေ့သော/စိတ်/ဖြင့် ထို/သူ/ကို ပြုပြင်ပေး/ရမည်။ သင်တို့/ကိုယ်တိုင်/လည်း ဖြားယောင်း/သွေးဆောင်/ရာသို့ မလိုက်ပါမိ/စေရန် သတိပြုကြလော့။ 2 အချင်းချင်းတို့/၏ ဝန်ထုပ်ဝန်ပိုးများ/ကို ကူညီ/ထမ်းရွက်ကြလော့။ ဤသို့/ပြုခြင်း/အားဖြင့် သင်တို့/သည် ခရစ်တော်/၏ တရားတော်/ကို လိုက်နာ/လိမ့်မည်။ 3 တစ်စုံတစ်ယောက်/သည် အရေးပါသူ/မဟုတ်ပါ/လျက်/နှင့် မိမိကိုယ်ကိုယ်/အရေးပါသူ/ဟု ထင်မှတ်/လျှင် သူ/သည် မိမိ/ကိုယ်ကိုယ် လှည့်စားသောသူ ဖြစ်၏။
4-5 လူတိုင်း မိမိ/ဝန်/ကို ထမ်းရမည်/ဖြစ်/သောကြောင့် လူတိုင်း မိမိ/ပြုသော/အမှု/ကို ဆန်းစစ်ပါစေ။ သို့မှသာ မိမိ/ကိုယ်/မိမိ အခြားသူ/နှင့် မနှိုင်းယှဉ်/ဘဲ ကိုယ်တိုင် ပြုသော/အမှုများ/ကြောင့် ဂုဏ်ယူ/ဝင့်ကြွားနိုင်/လိမ့်မည်။ 6 နှုတ်ကပတ်/တရားတော်/ကို သင်ယူသော/သူ/သည် သင်ကြားပေးသော မိမိ/ဆရာသမား/အား ကောင်းသော/အရာ/ဟူသမျှ/ကို ဝေမျှ/၍ ထောက်ပံ့/ရမည်။
7 ယူဆမှု/မလွဲကြနှင့်။ ဘုရားသခင်/ကို မည်သူမျှ လှည့်စား/၍ မရ။ လူ/သည် မိမိ/စိုက်ပျိုးသည့်/အတိုင်း ရိတ်သိမ်းရ/လိမ့်မည်။ 8 လူ့/ဗီဇစိတ်/ကို အလို/လိုက်/၍ စိုက်ပျိုးသောသူ/သည် ဗီဇစိတ်/မှ ပျက်စီးခြင်း/ကို ရိတ်သိမ်းရ/လိမ့်မည်။ ဝိညာဉ်တော်/၏ အလိုတော်/အတိုင်း စိုက်ပျိုးသောသူ/သည် ဝိညာဉ်တော်/ထံမှ ထာဝရ/အသက်/ကို ရိတ်သိမ်းရ/လိမ့်မည်။ 9 စိတ်မပျက် အားမလျော့ဘဲ ကောင်းသော/အမှု/ကို ဆက်/၍ ပြုကြစို့။ စိတ်မပျက်/လျှင် အချိန်တန်/သောအခါ အသီးအပွင့်/ကို ရိတ်သိမ်းရ/လိမ့်မည်။ 10 ထို့ကြောင့် ကျွန်ုပ်တို့/သည် အခွင့်သာ/တိုင်း လူအပေါင်းတို့/အပေါ်၊ အထူး/သဖြင့် ယုံကြည်သူ/မိသားစုတို့/အပေါ် ကောင်းမှု/ပြုကြစို့။
နိဂုံးချုပ်/တိုက်တွန်းစကား
11 သင်တို့/ထံသို့ မည်မျှလောက်/ကြီးသော စာလုံးများ/ကို ကျွန်ုပ်/လက်/ဖြင့် ရေးလိုက်သည်/ကို ကြည့်ကြလော့။ 12 သင်တို့/အား အရေပြားလှီးခြင်း/မင်္ဂလာ/ခံယူ/ရန် အတင်းအကျပ် စေခိုင်း/လျက်/ရှိသော/သူတို့/သည် အပြင်ပန်း/တင့်တယ်/လိုကြ၏။ ထိုသို့ စေခိုင်းသည်/မှာ ခရစ်တော်/၏ လက်ဝါးကပ်တိုင်/တရား/ကသာ ကယ်တင်နိုင်သည်/ဟူ၍ ဟောပြောခြင်း/အတွက် ခံရမည့် ညှဉ်းပန်းနှိပ်စက်ခြင်း/ကို မလိုလား/သောကြောင့် ဖြစ်၏။ 13 အရေပြားလှီးခြင်း/မင်္ဂလာ/ကို ခံယူသော/သူတို့/ပင်လျှင် ကိုယ်တိုင် ပညတ်တရား/ကို လိုက်နာ/ကျင့်သုံးကြသည်/မဟုတ်။ ထို/သူတို့/သည် သင်တို့/၏ အသွေးအသား/၌ အရေပြားလှီးခြင်း/အပေါ် ကြွားဝါ/နိုင်ရန် သင်တို့/အား အရေပြားလှီးခြင်း/မင်္ဂလာ/ကို ခံယူ/စေလိုကြခြင်း ဖြစ်၏။
14 ကျွန်ုပ်/မှာမူ သခင်/ယေရှု/ခရစ်တော်/၏ လက်ဝါးကပ်တိုင်/အတွက်/မှလွဲ၍ အခြား မည်သည့်/အရာ/အတွက်/မျှ ကြွားဝါ/လိမ့်မည်/မဟုတ်။ ထို/လက်ဝါးကပ်တိုင်/ကြောင့် ဤ/လောက/နှင့်/ဆိုင်သော/အရာတို့/သည် ကျွန်ုပ်/နှင့် အဆက်ပြတ်/၍ ကျွန်ုပ်/သည်လည်း ဤ/လောက/နှင့်/ဆိုင်သော အရာတို့/နှင့် အဆက်ပြတ်ပြီ။ 15 အရေပြားလှီးခြင်း/မင်္ဂလာ/ကို ခံယူသည်/ဖြစ်စေ၊ မခံယူဘဲနေသည်/ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည့်/အချက်မှာ အသစ်/ဖန်ဆင်းခံရခြင်း ဖြစ်၏။ 16 ဤ/အခြေခံ/သဘောတရား/ကို လက်ခံ/ကျင့်သုံးသော/သူတို့/အပေါ်/သို့ ဘုရားသခင်/ထံတော်/မှ/လာသော ငြိမ်းချမ်းခြင်း/နှင့် ကရုဏာတော် သက်ရောက်ပါစေသော။ ထို/သူတို့/မှာ ဘုရားသခင်/၏ လူမျိုးတော်/အစ္စရေးလူမျိုးများ ဖြစ်ကြ၏။
17 ယခု/မှစ၍ မည်သူ/မျှ ကျွန်ုပ်/ကို မနှောင့်ယှက်ပါစေနှင့်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်/၏ ကိုယ်ခန္ဓာ/တွင် ရှိသော ဒဏ်ရာ/ဒဏ်ချက်များ/က ကျွန်ုပ်/သည် ယေရှု/ခရစ်တော်/နှင့်/ဆိုင်သောသူ/ဖြစ်ကြောင်း ဖော်ပြ/လျက် ရှိ/သောကြောင့် ဖြစ်၏။
18 ညီအစ်ကို/မောင်နှမတို့… ကျွန်ုပ်တို့ သခင်/ယေရှု/ခရစ်တော်/၏ ကျေးဇူးတော်/သည် သင်တို့/အပေါ်a သက်ရောက်ပါစေသော။ အာမင်။
ဂလာတိ/ဩဝါဒစာ ပြီးပါပြီ။